သင်သည် အနာဂတ်တွင် သုတေသီတစ်ဦး ဖြစ်လာရန် အိပ်မက်ရှိသူ သို့မဟုတ် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်နှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒရေးရာများကို စိတ်ဝင်စားသူ လူငယ်တစ်ဦးဖြစ်ပါသလား။ ထိုသို့ဆိုလျှင် ဤကာလတို သုတေသနစီမံကိန်းသည် သင့်အတွက် အတွေ့အကြုံကောင်းများ ရရှိနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။
အဖွဲ့အစည်းအကြောင်း
ပင်လုံအင်နီရှေးတစ် (Panglong Initiative) သည် ပင်လုံစိတ်ဓာတ်များ ရှင်သန်နိုးကြားနေစေရန်အတွက် လိုအပ်သော ဗဟုသုတ၊ ယုံကြည်မှုနှင့် စုံလင်ကွဲပြားမှုများကြားမှ ညီညွတ်မှုကို အခြေခံ၍ ရည်ရွယ်ဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒရေးရာ လေ့လာရေးနယ်ပယ်တစ်ခု ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိပါသည်။
၁။ သုတေသနစီမံကိန်းအကြောင်း
ဤစီမံကိန်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ ၂၀၂၅ ခုနှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးနှင့် ပဋိပက္ခအခြေအနေများကို စာတမ်းတို (Policy Report) များအဖြစ် ၂ လမှ ၃ လအတွင်း ခြုံငုံလေ့လာမည့် အစီအစဉ်ဖြစ်ပါသည်။
၂။ ရရှိနိုင်မည့် အကျိုးကျေးဇူးများ
သုတေသနပညာရပ်ကို လေ့လာနိုင်ခြင်း: Secondary Research နည်းလမ်းဖြင့် သုတေသန စာတမ်းတစ်စောင်ကို လက်တွေ့ကျကျ မည်သို့ထုတ်လုပ်ရသည်ကို သင်ယူနိုင်မည်။
ကွန်ရက်ချိတ်ဆက်နိုင်ခြင်း: အခြားသော သုတေသီများ၊ ပညာရှင်များနှင့် အတွေ့အကြုံများ ဖလှယ်ပြီး ချိတ်ဆက်ခွင့်ရမည်။
စာရေးသူအဖြစ် အသိအမှတ်ပြုခံရခြင်း: စီမံကိန်းအပြီး ထွက်ရှိလာမည့် သုတေသနအစီရင်ခံစာတွင် ပါဝင်ရေးသားသူ (Contributing Author) အဖြစ် အမည်ဖော်ပြခြင်း ခံရမည်။
၃။ ကန့်သတ်ချက်များ
ဤစီမံကိန်းသည် မည်သည့်အလှူရှင်ထံမှ ရန်ပုံငွေရရှိထားခြင်း မရှိသည့် Volunteer သဘောမျိုးဖြစ်သဖြင့် အင်တာနက်အသုံးပြုခ (Internet Support) မှလွဲ၍ အခြားသော ချီးမြှင့်ငွေ သို့မဟုတ် ထောက်ပံ့ကြေးများ ပေးအပ်နိုင်မည် မဟုတ်ပါ။
၄။ လျှောက်ထားနိုင်သူများ
မည်သည့် တိုင်းရင်းသား၊ မည်သည့်ဒေသနှင့် နောက်ခံမတူညီသည့် လူငယ်များမဆို လျှောက်ထားနိုင်ပါသည်။ အဓိကအားဖြင့် အောက်ပါကဏ္ဍများကို စိတ်ဝင်စားသူများကို ဦးစားပေးပါမည် –
သုတေသနလုပ်ငန်းများ (Research)
မူဝါဒရေးရာ ဖွံ့ဖြိုးတိုးတက်မှု (Policy Development)
လူမှုရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုများ (Social & Political Change)
၅။ လျှောက်ထားရန် နည်းလမ်း
အောက်ပါအချက်အလက်များကို ပူးတွဲ၍ Application Form Link မှတစ်ဆင့် လျှောက်ထားနိုင်ပါသည် –
ကိုယ်ရေးအကျဉ်း (CV)
Cover Letter (၁ စာမျက်နှာ): သင်၏ စိတ်ဝင်စားမှုနှင့် အကြောင်းရင်းကို ဖော်ပြရန်။
ရေးသားဖူးသည့် စာတမ်း (ရှိပါက): မိမိရေးသားဖူးသော ဆောင်းပါး သို့မဟုတ် စာတမ်းနမူနာ။
Application Form Link: https://forms.gle/NykcLQ4LfbHaERnT9
လျှောက်ထားရာတွင် အခက်အခဲရှိပါက Page Messenger သို့မဟုတ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၆။ နောက်ဆက်တွဲ လုပ်ငန်းစဉ်
လျှောက်လွှာများကို စိစစ်ပြီးနောက် ကျွန်ုပ်တို့အဖွဲ့မှ သင့်ထံသို့ အီးမေးလ်မှတစ်ဆင့် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ပြီး အဓိပ္ပာယ်ရှိသော မူဝါဒဆွေးနွေးပွဲများတွင် ပါဝင်လိုသည့် လူငယ်များကို ဤအခွင့်အလမ်းအား အသုံးချရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။